ဒီကျောင်းရဲ့အထိက ရည်ရွယ်ချက်သည် အပြင်မှာရှိတဲ့ကျောင်း ဒါမှမဟုတ် အပြင်မှာမရှိတဲ့ကျောင်း ကို မိမိအိမ်မက်ထဲကကျောင်းအတိုင်း အတက်နိုင်ဆုံးဖန်တီးရန်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကလေးဘ၀ ငယ်ငယ်ကတည်းက စိတ်ကူးယာဉ်လာခဲ့သော တက္ကသိုလ်ဆိုတာ ရှိပါသည်။ ထိုတက္ကသိုလ်ကို ရရှိတဲ့သူရှိသလို မရရှိသူလည်းရှိပါသည်။ ရရှိပြီး မိမိငယ်ငယ်ကအိမ်မက် တက္ကသိုလ်ကို မဖြည့်ဆီးနိုင်တာမျိုးလည်းရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အိမ်မက် တက္ကသိုလ်တစ်ခု အခုတည်ဆောက်ကြည့်ရအောင်လား။ ဒီမှာ တကယ့်တက္ကသိုလ်တက်သလို life တစ်ခု ကို ဖန်တီးကြပါမည်။ စာသင်ကြမည်။ canteen သွားကြမည်။ Yef ကန်ကို သွားမည်။ အအေးဆိုင်ထိုင်မည်။ ရုပ်ရှင်သွားကြည့်မည်။ စာကြည့်တိုက်သွားမည်။ အဆောင်ပြန်ပြီးစာကြည့်မည် ဂစ်တာတီးသီချင်းဆိုမည်။ ကဲမကောင်းဘူးလား။
အခန်းတစ်ခုချင်းဆီရဲ့ အကြောင်းကို အခန်းတိုင်းတွင် တင်ပြထားပါသည်။ ဒီနေရာမှာ တစ်ခုတော့ ရှင်းပြထားချင်ပါသည်။ ဒီ Forum ကို ကျောင်းအဖြစ် ကျွန်တော်သုံးနှုန်းထားပါသည်။ သို့သော် အမှန်တကယ် စာသင်သောကျောင်းအဖြစ် မမှတ်ယူစေလိုပါ။ ကျွန်တော်တို့ အနောက်တိုင်း သိပ္ပံကားတွေလို တကယ်ရှိတာရော မဖြစ်နိုင်တာတွေရော အားလုံးကို မိမိ စိတ်ကူးပေါက်သလို ပြောကြမည်ဖြစ်သည်။

» Generator_REX_Agent_of_Providence_RCFE41_NTSC_WII_WBFS.rar
» Valves, Piping And Pipelines Handbook, Third Edition
» Ellie_Goulding_feat_Madeon-Stay_Awake.mp3
» ကိုယ့်ကိုယ်မိတ်ဆက်ကြရအောင်
» မရှိလွမ်း
» DHCP Server အကြောင်း
» တို့၊ တို့တွေ၊ တို့တတွေ
» အဆောင်ရောက်တဲ့ပထမဆုံးနေ့