ဒီကျောင်းက သမိုင်းကျောင်းရှိတယ်။ ဟိုးရှေးဘုရင်တွေ လက်ထပ်ကတည်းက ဒီသာပါမောက္ခကြီးတစ်ဦးက ဒီနေရာမှာ ကျောင်းထောင်ခဲ့တာပေါ့။ အဲဒီတုန်းက တေဘိပသ ဆိုတဲ့မင်းသားတစ်ပါးက ဒီကျောင်းမှာ ထင်ရှားခဲ့ဘူးတယ်။ အဲဒီအချိန်က နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံရာမှာ ပထမဆုံး အင်္ဂလိပ်တွေနဲ့ ဆက်ဆံရတော့ အဲဒီအတွက် ၀န်ကြီးတေဘိအောချ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို တာဝန်ထမ်းဆောင်စေခဲ့တာကွ။ အဲဒါ တေဘိပသ ဆိုတဲ့မင်းသားရဲ့ဖခမည်းတော်ပေါ့။ အဲဒီအချိန်ကတည်းက မင်းသားလေးက အရမ်းကို ဗိုလ်ရူးခဲ့တာ ဆိုရမှာပေါ့။ မင်းတို့သိလား အခုတစ်လောခေတ်စားနေတဲ့ myanglish ဆိုတဲ့ စာရေးနည်းက အခုမှ စတာ မဟုတ်ဘူးကွ အဲဒီမင်းသားလေးစခဲ့တာ။ ဒီလို တစ်နေ့ ပါမောက္ခကြီးက ကျောင်းနှင့်ပါတ်သက်ပြီး အင်္ဂလိပ်လို ရေးဖို့ကြုံလာတယ်ကွ။ အဲဒီအချိန်မှာ လက်နိုပ်စက်တွေလည်းပေါ်နေပြီလေ။ အင်္ဂလိပ်လို လက်နိုပ်စက်က အခုမှ ပေါ်ခါစ။ ဒါပေမယ့် အဲဒီစက်မျိုး ကျောင်းမှာ မရှိသေးဘူး။ အဲဒီမင်းသားလေးဆီမှာရှိတယ်။ ဒါနဲ့အဲဒီမင်းသားလေးက ရိုက်ခိုင်းတာပေါ့။ မင်းသားလေးကလည်း ဗိုလ်ရူးနေတဲ့အချိန်ဆိုတော့ ပျော်သွားတာပေါ့။ ဒါနဲ့ ရိုက်ပါလေရော။ အဲ တစ်နေရာရောက်တော့ မင်းသားလေးအခက်တွေ့ပါလေရော။ သူ ကန်ကို ဘယ်လိုပေါင်းရမယ်မသိဘူးဖြစ်နေတာပေါ့။ သူ့ခမည်းတော်ကြီးကလည်း မရှိ ဆရာကြီးကို သွားမေးရ အောင်ကလည်း သူကအရှက်ကွဲမှာကြောက်လေတော့ သူကြံရာမရဖြစ်ပါလေရော။
ဒါပေမယ့် မင်းသားလေးက နောက်ဆုံး အကြံတစ်ခုရသွားတယ်လေ။ အဲဒါကတော့ ကန်ဆိုတဲ့ မြန်မာလိုရိုက်ရတဲ့ လက်ကွက်အတိုင်း အင်္ဂလိုပ်လိုရိုက် လိုက်ပါလေရော။ နောက်ပြီး သူကျက်ထားတဲ့ English Grammar တစ်ခုကို သုံးလိုက် တယ် u ကို y ပြောင်း ef ပေါင်းတဲ့ အဲဒါ ကျွန်တော်တို့ အခု Yef ဆိုတဲ့ကန်ဖြစ်လာတာပေါ့။

» Generator_REX_Agent_of_Providence_RCFE41_NTSC_WII_WBFS.rar
» Valves, Piping And Pipelines Handbook, Third Edition
» Ellie_Goulding_feat_Madeon-Stay_Awake.mp3
» ကိုယ့်ကိုယ်မိတ်ဆက်ကြရအောင်
» မရှိလွမ်း
» DHCP Server အကြောင်း
» တို့၊ တို့တွေ၊ တို့တတွေ
» အဆောင်ရောက်တဲ့ပထမဆုံးနေ့