Fool Institute of Technology

ကျွန်တော်တို့ စိတ်ကူယာဉ် အိမ်မက်ထဲက ကျောင်းတစ်ကျောင်းကို အခုဖန်းတီးကြရအောင်။ ဒီထဲမှာ ကျွန်တော်တို့ အိမ်မက်တွေအတိုင်း လုပ်မယ် ဖြစ်မယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ ကျောင်းကြီးပေါ့။

Fool Institute of Technology မှ ကြိုဆိုပါ၏

Navigation


    DHCP Server အကြောင်း

    Share

    kingjumper
    ဆရာ
    ဆရာ

    Posts : 3
    Points : 2993
    ထင်မြင်ချက် : 0
    Join date : 2009-07-23

    DHCP Server အကြောင်း

    Post by kingjumper on Mon Jul 27, 2009 9:35 am

    DHCP (Dynamic Host Configuration Protocol) server ဆိုတာ Network တစ်ခုအတွင်းရှိ Client များရဲ့ IP Address များကို Auto သတ်မှတ်ပေးတဲ့ Services ကိုလုပ်ဆောင်ပေးတဲ့ Server ကိုခေါ်တာပါ။ သင့်ရဲ့ Network အတွင်းမှာ Computer အလုံးရေအနည်းငယ်ဆိုရင် IP Address ပေးရတာပြဿနာမရှိပေမဲ့ Computer အလုံးရေများလာတဲ့အခါတော့ IP Address တွေကို မထပ်အောင် Conflict မဖြစ်အောင် Address တွေကိုပေးဖို့ဆိုရင် ဒါမှမဟုတ် IPV6 ကိုသုံးတဲ့အခါမျိုးမှာဆိုရင်တော့ DHCP ကလိုအပ်လာပါပြီ။ IPV6 မှာဘာလို့လိုလဲဆိုတော့ IPV6 က IP Address ပေးတဲ့အခါ Hexadecimal ကိုသုံးပြီးပေးရတယ်လေ အဲဒီတော့တစ်လုံးချင်းစီ IP Assign လုပ်ဖို့ခက်တယ်လေ ဒါကြောင့်မို့လို့ IPV6 မှာလည်း DHCP Server ကိုသုံးသင့်ချင်းဖြစ်ပါတယ်။

    Network Segment တစ်ခုအတွင်းမှာ DHCP ကို Configure လုပ်ခြင်း။

    DHCP Server ကိုသုံးတော့မယ်ဆိုရင် ပထမဦးဆုံး Windows Server 2003 ကို Install လုပ်ရပါမယ်။ Windows Server 2003 ကို Install လုပ်ပြီးပြီဆိုရင် Control Panel ရဲ့ Add or Remove Windows Compoment ထဲက Networking Services
    1. Authorizing Server (Detail ဆက်ပြီးဆက်ရှင်းပြပေးပါမယ်)
    2. Configuration Scope (Detail ဆက်ပြီးဆက်ရှင်းပြပေးပါမယ်)
    3. Activating Scope (Detail ဆက်ပြီးဆက်ရှင်းပြပေးပါမယ်)
    4. Exclusion Range (Detail ဆက်ပြီးဆက်ရှင်းပြပေးပါမယ်)
    5. Creating Reservation (Detail ဆက်ပြီးဆက်ရှင်းပြပေးပါမယ်)

    Authorizing Server

    Autorizing Server ဆိုတာကတော့ DHCP Services ကို Domain Controller ပေါ်မှာ Install လုပ်ခဲ့မယ်ဆိုရင် Authorize လုပ်ပေးရပါမယ်။ အကယ်၍ DHCP Services ကို Member Server မှာ Install လုပ်ခဲ့မယ်ဆိုရင်တော့ Authorize လုပ်ပေးစရာမလိုပါဘူး။
    Microsoft ရဲ့ Recommend ကတော့ DHCP ကို Domain Controller ပေါ်မှာ Install မလုပ်ပဲ Member Server ပေါ်မှာပဲ Install လုပ်ဖို့အကြံပေးထားပါတယ်။ အကယ်၍ Domain Controller ပေါ်မှာပဲ Install လုပ်မယ်ဆိုရင်တော့ အောက်ပါအတိုင်း Authorize လုပ်ပေးရပါမယ်။
    Start

    Configuration Scopes

    Configuration Scopes ကတော့ DHCP Assign လုပ်မဲ့ IP Range သတ်မှတ်ခြင်းကိုခေါ်တာပါ။ Client တွေကို auto IP assing လုပ်ဖို့အတွက် ပထမဦးဆုံး Scopes တစ်ခုဖန်တီးပေးဖို့လိုပါတယ်။ Scope ဖန်တီးဖို့အတွက် DHCP Console ထဲက DHCP Node ပေါ်မှာ Selection
    New Scope Wizard ပေါ်လာပါလိမ့်မယ်။

    ပထမဦးဆုံး Scope Name နေရာမှာကိုယ်ကြိုက်နှစ်သက်ရာ နာမည်တစ်ခုပေးရပါမယ် ဥပမာ Network1 ပေါ့။

    IP Address Range Page မှာ IP ကိုသတ်မှတ်ပေးလို့ရပါတယ် ဥပမာ Start IP မှာ 192.168.0.1 End IP မှာ 192.168.0.254 ပေါ့။ DHCP က Client တွေကို IP ချပေးတဲ့အခါမှာ အခုသတ်မှတ်ပေးထားတဲ့ IP Range အတွင်းက IP တွေကိုပဲ Auto Assign လုပ်ပေးပါလိမ့်မယ်။

    Add Exclusions Pages ကတော့ Exclusions Range မှာကျမှပဲ Detail ဆက်ပြီးရှင်းပြပေးပါမယ်။

    Lease Duration Page ကတော့ DHCP Server က Client တွေကို IP Assign လုပ်တဲ့ အခါမှာ Default အနေနဲ့ (၈) ရက်ကြာတိုင်း DHCP Server ကိုပြန်ပြီး Request လုပ်ခိုင်းပါတယ်။ ကိုယ်ကတော့ကိုယ်ကြိုက်တဲ့ရက်ကိုသတ်မှတ်ချင်တယ်ဆိုရင်တော့ အဲဒီ Duration နေရာမှာ ကိုယ်ကြိုက်တဲ့ရက်ကိုသတ်မှတ်ပေးလို့ရပါတယ်။

    Configuration DHCP Option Page ဒီဟာကတော့ ဒီ Scope ဖန်တီးပြီးတဲ့အခါမှာ နောက်ထပ် Scope အသစ်ထပ်ဖန်တီးမလား မဖန်တီးဘူးလားဆိုတာကို ရွေးခိုင်းတာပါ။

    Router (Default Gateway) Page ဒါကတော့ တကယ်လို့ Network ထဲမှာ Router ခံထားလို့ Default Gateway Address ရှိခဲ့မယ်ဆိုရင် ဖြည့်ပေးဖို့ပါ။ မရှိခဲ့ရင်တော့ ကျော်သွားလိုက်ပါ။

    Domain Name And DNS Server Page ဒါကတော့ Network ထဲမှာ DNS Server ရှိခဲ့ရင် DNS Server ရဲ့ Address ကိုဖြည့်ပေးဖို့ပါ။ မရှိခဲ့ရင်တော့ ကျော်သွားလိုက်ပါ။

    WINS Server Page ဒါကတော့ Network ထဲမှာ WINS Server ရှိခဲ့ရင် WINS Server ရဲ့ Address ကိုဖြည့်ပေးဖို့ပါ။ မရှိခဲ့ရင်တော့ ကျော်သွားလိုက်ပါ။

    Activitae Scope Page ဒါကတော့ ဒီ Wizard ပြီးတဲ့အခါမှာ Activate လုပ် မလုပ်မေးတာပါ။
    ပြီးမှသက်သက် Configure ထပ်လုပ်လို့ရပါတယ်။

    အားလုံးပြီးသွားပြီဆိုရင်တော့ Finish ကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင်တော့ DHCP Console ထဲမှာ အခုဖန်တီးလိုက်တဲ့ Scope ကိုတွေ့မြင်ရပါလိမ့်မယ်။

    Detail ကိုအောက်ပါ Site မှာသွားကြည့်နိုင်ပါတယ်။
    www.technicworld.co.cc
    avatar
    Admin
    ကျောင်းအုပ်ကြီး
    ကျောင်းအုပ်ကြီး

    Posts : 39
    Points : 3052
    ထင်မြင်ချက် : 0
    Join date : 2009-07-22
    Age : 30
    Location : Yangon

    Re: DHCP Server အကြောင်း

    Post by Admin on Tue Jul 28, 2009 12:07 pm

    bounce bounce bounce bounce ဆက်ပါအုံးဗျို့
    ဒါပေမယ့် link back - word back တွေများနေဂျ scratch albino

    gracetoegyi

    Posts : 5
    Points : 2614
    ထင်မြင်ချက် : 0
    Join date : 2010-08-05

    Re: DHCP Server အကြောင်း

    Post by gracetoegyi on Mon Feb 07, 2011 10:03 pm

    ဟီးးးးးးးး ကျတော်က ကျောင်းမတတ်တာတောင်ကြာပြီ
    ကျတော်က Networking ကိုသိပ်တော့နားမလည်ဘူးဗျာ ဒါပေမယ့် Networkingနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သိချင်ပါတယ်

    Sponsored content

    Re: DHCP Server အကြောင်း

    Post by Sponsored content


      Current date/time is Tue Sep 26, 2017 7:26 pm