Fool Institute of Technology

Would you like to react to this message? Create an account in a few clicks or log in to continue.
Fool Institute of Technology

ကျွန်တော်တို့ စိတ်ကူယာဉ် အိမ်မက်ထဲက ကျောင်းတစ်ကျောင်းကို အခုဖန်းတီးကြရအောင်။ ဒီထဲမှာ ကျွန်တော်တို့ အိမ်မက်တွေအတိုင်း လုပ်မယ် ဖြစ်မယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ ကျောင်းကြီးပေါ့။

Fool Institute of Technology မှ ကြိုဆိုပါ၏

Latest topics

» Wahrheit Ueber Bauchmuskeln Programm Inkl 3 Bonusprodukte Download
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyThu Feb 20, 2014 3:53 pm by raivaw

» Generator_REX_Agent_of_Providence_RCFE41_NTSC_WII_WBFS.rar
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptySun Feb 16, 2014 12:48 am by raivaw

» Valves, Piping And Pipelines Handbook, Third Edition
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptySat Feb 15, 2014 5:39 am by raivaw

» Ellie_Goulding_feat_Madeon-Stay_Awake.mp3
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyFri Feb 14, 2014 8:57 pm by raivaw

» ကိုယ့်ကိုယ်မိတ်ဆက်ကြရအောင်
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyMon Feb 07, 2011 10:41 pm by gracetoegyi

» မရှိလွမ်း
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyMon Feb 07, 2011 10:28 pm by gracetoegyi

» DHCP Server အကြောင်း
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyMon Feb 07, 2011 10:03 pm by gracetoegyi

» တို့၊ တို့တွေ၊ တို့တတွေ
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyFri Sep 10, 2010 8:08 pm by gracetoegyi

» အဆောင်ရောက်တဲ့ပထမဆုံးနေ့
သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ EmptyThu Aug 05, 2010 8:54 pm by gracetoegyi

Navigation


3 posters

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    avatar
    စဦးအိမ်
    Fresher
    Fresher


    Posts : 14
    Points : 5437
    ထင်မြင်ချက် : 1
    Join date : 2009-07-23

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by စဦးအိမ် Thu Jul 23, 2009 3:14 pm

    ခေါင်းစဉ်ကြီး ဖတ်လိုက်မိလို သုံးပွင့်အဆိုင် အချစ် တော့ လာပြီလို့ မထင်လိုက်ပါနဲ့ Embarassed
    မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော် သီရိ နဲ့ ချစ်သုဝေ နှစ်ခုလုံးကို ကြိုက်သလို အလွဲသုံးစားလုပ်ပါမယ်။ နံမည် နှစ်ခုလုံးဟာ တစ်ယောက်သောသူကိုသာ ရည်ညွှန်းတယ်လို့ မှတ်ကြပေါ့ဗျာ။ ဟုတ်လား ဘော်ဘော်တို့။

    ပထမအခန်း
    နောက်ခံ ဒေသ ဗိုလ်တစ်ထောင်
    အချိန် ၂၀၀၃ ခုနှစ် မိုးရာသီ

    ဟာ မိုးကလည်းအရမ်းရွာလိုက်တာကွာ။ ပန်းဆိုးတန်းက ဖြတ်ရတာလဲ မြောင်းထဲဖြတ်ဆင်းရသလိုပဲ။ ခွီး မနိပ်ပါဘူး။ စတိုင်ထုတ်ပြီး ဘောင်းဘီရှည်ဝတ်လာတာ အောက်ပိုင်းတော့ရွှဲကုန်ပါပြီ။ ဒီလိုနဲ့မထူးပါဘူး အိုက်တင်နဲ့ ဆက်လျှောက်ရတာပေါ့။ ဆူးလေမှတ်တိုင်မှာ ဆင်းပြီး ဗိုလ်တစ်ထောင် ၄၆ ဘက် လမ်းလျှောက်လာခဲ့တာ ကျွန်တော်ပေါ့။ သင်တန်းတစ်ခု အပ်ဖို့ပါ xx အင်္ဂလိပ်သင်တန်းပါ။
    သင်တန်းကျောင်း ၄ လွှာကို ရောက်ပါပြီ။ ဆရာလို့ထင်ရတဲ့ အငဲစတိုင် လူတစ်ယောက် Dream bad ပေါ်မှာ ဂျာနယ်ဖတ်နေလေရဲ့။ မျက်မှန်ကြီးကို နဖူးပေါ်တင် ဂျာနယ်ကို အောက်ချ ပြီး အပြုံးလေးနဲ့မေးလိုက်တယ် သား သင်တန်းတက်မလို့လားတဲ့။ အဲဒါနဲ့ အပေါက်ဝ နားက ကျွန်တော်နဲ့ မတိမ်းမယိမ်းလောက် ရှိမယ့် အပျိုချောလေး(အပျိုလို့ ထင်တာပဲ) ဆီရောက်ပြီး ကျောင်းအပ်ခဲ့တာ လာမယ့် အင်္ဂါနေ့မှာ စတက်ရမယ်တဲ့
    avatar
    inတဲ
    Fresher
    Fresher


    Posts : 11
    Points : 5435
    ထင်မြင်ချက် : 6
    Join date : 2009-07-23

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by inတဲ Fri Jul 24, 2009 12:31 am

    မြန်မာကျောင်းသားတွေလဲ စတိုင်ပြောင်းလာပြီပဲဗျ။ ဘောင်းဘီရှည်နဲ့ဘာနဲ့ အလဲ . . . ဟိုအရင်ကလို ဆံပင်က ပိုးသိုးပတ်သက် . . ပုဆိုးနဲ့ ဗမာလွယ်အိပ်နဲ့ အဲလိုဟုတ်တော့ဘူး။ ဒါနဲ့ ဦးစဦး က ဘယ်သင်တန်းလဲဗျ။ ကျောင်းကိုတော့ဟုတ်ဘူး အပျိုချောလေးကိုစိတ်ဝင်စားလို့ဂျ ဆက်ပါအုံးဗျို့ lol!
    avatar
    စဦးအိမ်
    Fresher
    Fresher


    Posts : 14
    Points : 5437
    ထင်မြင်ချက် : 1
    Join date : 2009-07-23

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by စဦးအိမ် Sat Jul 25, 2009 12:43 pm

    (ဘာလဲဒီကောင် သူကကော မြန်မာကျောင်းသား မဟုတ်တာကြနေတာပဲ) စိတ်ထဲတွင်
    ဟုတ်ပါဘူး Bro သားရာ ဒီလိုပါဘဲ
    avatar
    စဦးအိမ်
    Fresher
    Fresher


    Posts : 14
    Points : 5437
    ထင်မြင်ချက် : 1
    Join date : 2009-07-23

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by စဦးအိမ် Sat Jul 25, 2009 8:04 pm

    အချိန် - အင်္ဂါနေ့
    ရာသီဥတု - မိုးတဖွဲဖွဲနှင့် အလင်းအရောင်ကောင်းသောနေ့တစ်နေ့
    နေရာ - ဗိုလ်တစ်ထောင်၊ အနော်ရထာလမ်းမ နှင့် ၄၆ လမ်းထောင့်
    သင်တန်းကိုရောက်တော့ ရောက်နှင့်နေပြီဖြစ်သော မိမိနှင့်ရွယ်တူဟုထင်ရမည့် မိန်းကလေးတစ်ယောက်ရောက်နှင့်နေပြီဖြစ်သည်။ ကျွန်တော်ရောက်သွားသောအချိန်သည် စာသင်ရန်သက်မှတ်ထားသောအချိန်ထက် မိနစ်၂၀ မျှ စောနေသည်။ ထို့ကြောင့်ထင်သည် သင်တန်းသားများကို မတွေ့ရသေး။ သို့သော် သိပ်မကြာလိုက် တစ်ယောက်ယောက်ပြီးပြီးတစ်ယောက်ရောက်လာသည်။ ဆံပင်ကောက်ကောက်နှင့် တော်တော်အချိန်ယူ၍ မင်းသမီးကိုတုပြီး ပြင်လာပုံရသော အမကြီးတစ်ယောက်သည် အရင်ဝင်လာပြီး ကောင်တာတွင်ထိုင်ကာ ဆရာကတော်နှင့်အလာပတင်းလာပ ပြောကြသည်။ ဆံပင်လေးကိုတစ်ချိန်လုံးကိုင်ပြီး ထက်ထက်မိုးဦး ဘေဘီဘိုက်တာကလေးအားတိုးဆေးကြေငြာသည့်စတိုင်နှင့် ပြောနေသည်။ နောက်မှသိရသည်ကား ထိုအမကြီးကို တူတူ ဟုသိရသည်။ ထို့နောက် အစွန်းကုန်လှခဲ့ပြီး အချိန်လွန်၍ ရွက်ကျန် ရိုးကိုင်းလေးနှင့် လက်ကျန်ထုတ်နေသော စကားဝါရွက်ကုန်ပင်ကြီးမြင်ဘိသကဲ့သို့ လွမ်းလွမ်းဆွေးဆွေးကြီးဝင်လာသူမှာ အမာဆိုသောအမကြီး ရှေ့ဆင့်နောက်ဆင့်ဝင်လာ၏။ ဒေါ်အမာမှာ အဲ မအမာမျာ ၀င်ဝင်ချင်းပင် ဆရာကတော်တို့ အတင်းဝိုင်းသို့ စကားနှင့် အတင်းဝင်ပြီး။ နေပြည်တော်မှ ပြန်ရောက်လာသော ပြန်တန်းဝင်အရာရှိ၏ လက်ဆောင်အဖြစ် မျှစ်စို့ထုပ်ကြီးတစ်ထုပ်ကို ဘုတ်ကနဲချပြီးသကာလာ ဗိုလ်ဋီကာကိုဖွဲ့လေတော့၏။ ထို့နောက်တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး။ လုစံလေတော့သည်။ စာသင်သို့ရောက်ပြီ ထိုနေ့သည် ပထမနေ့ဖြစ်၍ အချင်းမိတ်ဆက်ကြရသည်။ ထို့နောက် အပြန်အလှန်မိမိ အကြောင်းပြောကြရသည်။ ဤအခန်းထဲတွင် အင်္ဂလိပ်လိုသာပြောရမည်ဟု ဆရာကပြောသည်။ ထိုနေ့သည် အချိန်မြန်လွန်းသည်ထင်သည်။ တဖွဲဖွဲကျနေသောမိုးသည် လူတစ်ယောက်ကို တစ်ခဏချင်း စိုရွှဲသွားစေသကဲ့သို့ စာသင်ချိန်တို့သည် ခဏချင်းကုန်သွားသည်ထင်သည်။ ထိုနေ့တွင် ကျွန်တော့အတွက် မစွဲပေမဲ့ကျန်သွားစေသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်မိသည်။ ဟာ ! ချစ်သုဝေ ?
    avatar
    စဦးအိမ်
    Fresher
    Fresher


    Posts : 14
    Points : 5437
    ထင်မြင်ချက် : 1
    Join date : 2009-07-23

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by စဦးအိမ် Sun Jul 26, 2009 6:26 pm

    အချိန် - ဒုတိယမြောက်နေ့
    ရာသီဥတု - မိုးသည်းထန်သောနေ့
    နေရာ - စာသင်ခန်း
    သင်တန်းမှာ တော်တော်အရှိန်ရနေပြီ။ တစ်ယောက်နှင့်တစ်ယောက်လည်း ရင်းနှီးမှုတွေရနေသည်။ ဆရာက ကိုယ့်နှစ်သက်တဲ့ နေရာတွေအကြောင်းကို တစ်ယောက်ဆီထပြောခိုင်းသည်။ ပုဆိုးနှင့် လယ်ကတုံးအဖြူရောင် နဲ့အကိုကြီးအလည့်ရောက်လာသည်။ အရပ်ခပ်လတ်လတ်၊ အသားခပ်လတ်လတ်၊ ရုပ်ခပ်လတ်လတ်၊ အသံခပ်လတ်လတ်၊ တည်ကြည်မှုခပ်လတ်လတ်ဟန်ရှိပြီး အပြုံးခပ်လတ်လတ်လေးပြုံးပြီး သူကြိုက်သည့်နေရာမှာ တာမွေဟုအစချီပြီး။
    I have never lived in this place. But I love it. The reason is that for me, it is also an unforgettable monument. I used to meet my love one to be as a body-guard to her home. So I love the palace where love met and placed.
    ငြိမ်သက်စွာနားထောင်နေသော ကျောင်းသားများသည် အဆုံးတွင် လက်ခုပ်တီးပြီး အားပေးကြသည်။ သူ့ရဲ့ဟန်အတိုင်း ခပ်ကုံးကုံး လုပ်ပြပြီးထိုင်သွားသည်။ သူ့အပြုံးသည် အောင်မြင်သည့်အပြုံးနှင့် ပီတိတွေ ဟုန်နေသည်။ ထိုအချိန်တွင် အသံစွာတာ စွာကြယ်နှင့် လန်တတ်လန်တတ် လှုပ်ရှားတက်သော ခင်ခင်ကြီးမှ Good, Bo Kalay, but you means it is in past. Right?
    Yes, you true. ငိုညစ်ညစ်ပြန်ဖြေသည်။
    ထိုအချိန်တွင် ကျွန်တော်က ချစ်သုဝေကို ကြည့်လိုက်မိသည်။ အော်လှလိုက်တာ။ တကယ်တော့ သူက ချစ်သုဝေမဟုတ်။ ကျွန်တော်အမှတ်တမဲ့ မြင်လိုက်မိသောအသွင်သာဖြစ်သည်။သူမှာ သီရိဖြစ်သည်။ သို့သော် ကျွန်တော့အတွက်တော့ အတူတူပင်။ အမှန်စင်စစ်သီရိဖြစ်ပြီး ချစ်သုဝေကိုမြင်လိုက်သောအခါ၊ သူ့၏စတိုင်ကို တွေ့လိုက်သောအခါ၊ သူ၏အသံကိုကြားလို့သောအခါ သီရိသည် ကျွန်တော့နားရောက်လာသည်။ ထိုကဲ့သို့ပင်
    Admin
    Admin
    ကျောင်းအုပ်ကြီး
    ကျောင်းအုပ်ကြီး


    Posts : 39
    Points : 5479
    ထင်မြင်ချက် : 0
    Join date : 2009-07-22
    Age : 37
    Location : Yangon

    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by Admin Tue Jul 28, 2009 12:20 pm

    ဒါနဲ့ မင်းပြောတဲ့အကို ကြီးကိုသိသလို့ပဲ ဟဲ Rolling Eyes
    ပယ်ပယ်နယ်နယ် ဖဲ့တော့မယ့်ထင်တယ် Smile
    သူနဲ့သိတဲ့လူတွေ သတိသာထားနေဗျို့ geek
    ဒါနဲ့ မင်းဒါမျိုးရတာပဲ ဟိုရုပ်ရှင်မှာ ဇာတ်လမ်း လာတင်ပါလား။ မင်းကို rank တင်ပေးမယ်လေ king
    ငါတို့ရပ်ကွက်ထဲမှာ ဆေးဘူးခွံတွေ စုတဲ့ ၀၀တုတ်တုတ် ဒေါ်သီရိဆိုတဲ့အမကြီးတစ်ယောက်ရှိတယ်ကွ ဟေ မင်းအဲဒီတစ်ယောက်ကိုတော့ ပြောတာဟုတ်လောက်ပါဘူးနော့ cherry

    Sponsored content


    သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ Empty Re: သီရိဆိုသော ကောင်မလေး၊ ကျွန်တော် နှင့် ချစ်သုဝေ

    Post by Sponsored content


      Current date/time is Sun May 19, 2024 9:02 pm